မိုးမိတ်မြို့နယ်တွင် အသက် (၆၅) နှစ် အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

 

မိုးမိတ်  ဧပြီ ၂၁ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်  မိုးမိတ်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကိုယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ် ပြည်သူ့ဆေးရုံ ၌ စုရပ်ပြုလုပ်၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ယခု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် မိုးမိတ်မြို့နယ်အတွင်းရှိ သံဃာတော်များ နှင့် သီလရှင်ဆရာလေးများ ၊အသက် (၆၅) နှစ် အထက် သက်ကြီးဘိုးဘွားများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်သားများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်ပြီး ထိုသို့ထိုးနှံရာတွင် ရှေးဦးစွာ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း ၊ စာရင်းရေးသွင်းခြင်း တို့ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် မိနစ်(၃၀) စောင့်ကြည့်ခြင်း တို့ကို Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကိုယ်ဝန်ဆောင်များနှင့် လတ်တလော ဖျားနာနေသူများကို  ကာကွယ်ဆေးထိုးနှံပေးခြင်းမရှိကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင် လူဦးရေ (၃၅၀၀)ကို ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မတ်လအတွင်းက ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

 

မိုးမိတ်သား(စည်သူဌေး)