သတင်းများ

ရေလိုအပ်လျက်ရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံပြည်သူများအား ရေလှူဒါန်းမှုများ ဆောင်ရွက်
Apr 24,2021
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အနောက်ဘက်ခြမ်းမှ သုံးရေလိုအပ်လျက်ရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံပြည်သူများမှ သုံးရေများလိုအပ်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီး ဌာနသို့ ဆက်သွယ်အကူအညီတောင်းခံလာသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံဦးနှင့် တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်များဖြင့် သွားရောက်၍ ဖြန့်ဝေလှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့တွင် မိုးကြိုကြံချေးငွေများ ထုတ်ချေးပေး
Apr 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ၂၀၂၁ခုနှစ် မိုးကြိုကြံချေးငွေများကို ကြံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျောက်မဲခရိုင် ဘဏ်ခွဲမှတောင်သူများအား  ဧပြီ ၁၉ ရက်နေ့မှ ဧပြီ ၂၃ ရက်နေ့အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Apr 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော် ခြောက်ဆူကိန်းဝပ်တော်မူသော မေရုဒကုန်းတော်ပေါ်ရှိ ရှေးဟောင်းသမိုင်း ဝင် ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီးအား ရဟန်းရှင်၊ လူပြည်သူအများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်စေ ရန်အတွက် တွံတေးမြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့ နံနက် ၇ နာရီက အဆိုပါစေတီတော် မြတ်ကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စက်မှု/စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပြီး တပ်ကုန်းမြို့နယ် အတွင်းရှိ ကန်ကြီးကျေးရွာ မွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
Apr 24,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒေသအတွင်းရှိ စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်စေရန်၊ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ စက်မှုလုပ်ငန်း ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား တတ်အား သရွေ့ ကူညီပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ စက်မှု/စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ဒုတိယအကြိမ် ကို‌ဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Apr 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကုန်တင်ကုန်ချ အလုပ်သမား (၁၁၁) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Apr 24,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကုန်တင်ကုန်ချကော်မတီရုံးရှိ အလုပ်သမား (၁၁၁) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဧပြီ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ ဆေးရုံနှစ်ထပ်ဆောင်တွင် စတင်ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် တာဝန်ရှိ သူများက လာရောက်ကြည့်ရှုခဲ့ကြသည်။
လသာမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Apr 24,2021
လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အမှတ်(၃) ရပ်ကွက် လမ်း ၂၀ ရှိ မြို့နယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
၂၀၁၉-၂၀၂၀ ခုနှစ်၊ လယ်ဝေးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် သီးနှံစိုက်ဧကများအတွက် ထောက်ပံ့ငွေပေးအပ်
Apr 24,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်၊ ရေကြီးနစ်မြုပ် ပျက်စီးသွားသည့် သီးနှံစိုက်ဧကများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။