လွိုင်လင် ဧပြီ ၂၁
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းအဖွဲ့ဝင်များ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ မွန်းလွဲ (၁)နာရီက လွိုင်လင်ခရိုင် /မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံပွဲကို လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လွိုင်လင်ခရိုင်အတွင်းရှိလွိုင်လင်၊ နမ့်စန်၊ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းရှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တစ်ဦးချင်း မိတ်ဆက် ကြသည်။ ဆက်လက်၍ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲထွဋ်မှ လွိုင်လင်ခရိုင်၏ ဒေသဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းကလမ်းညွှန်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီမှ လွိုင်လင်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၅၇၃)ကျောင်းအတွက် ဆွမ်းဆန်အိတ်(၁၀၇၉)၊ covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေကျပ် (၁၀သိန်း)စီကို လွိုင်လင်ခရိုင်အတွင်းရှိလွိုင်လင်၊ နမ့်စန်၊ ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းရှူးမြို့နယ်များတို့ကို ပြည်နယ်စီမံကောင်စီအုပ်ချုပ်ရေးဥက္ကဋ္ဌဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင် များ၊ အတွင်းရေးမှူးတို့မှ ထာက်ပံ့ပေးအပ်ရာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့များမှ အသီးသီးလက်ခံရယူ ကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သာသနာ့ဝိပုလ ဓာတ်တော်ဘုန်းတော်ကြီးကျောင်းအား သွားရောက်ကာ ဆွမ်းဆန်တော်များ လှူဒါန်းပေးပြီး လွိုင်လင် ကွန်ပျူတာတက္ကသိုလ် ကျောင်းသား/သူ (၂၀၀) ဦးဆန့် အိပ်ဆောင် တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှူ.စစ်ဆေးဆေးရာ ဒုတိယပါမောက္ခချုပ်မှ ရှင်းလင်းပြီး ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌမှ ဆရာ/မ များအား ကြက်ဥနှင့် ဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ပင်လုံ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက် ကြည့်ရှူ စစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပင်လုံတက္ကသိုလ် အစည်းအဝေးခန်းမ၌ ဆရာ/မ နှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အဖွင့်အမှာစကားပြောကြားပြီး ဆရာ/မ နှင့် ဝန်ထမ်းများအား ကြက်ဥနှင့်ဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် လွိုင်လင်မြို့ ခုတင်(၂၀၀)ဆန့် အထွေထွေရောဂါဆေးရုံကြီး ဇီဝကခန်းမ၌ ဆရာဝန်/မ များနှင့် တွေ့ဆုံရာ လွိုင်လင်မြို့ ခုတင်(၂၀၀)ဆန့် အထွေထွေရောဂါကု ဆေးရုံကြီး ခေတ္တ ဆေးရုံအုပ်ကြီး ဒေါက်တာတင်အောင်မှ ကုသရေးလုပ်ငန်းဆိုင်ရာများ ၊ လွိုင်လင်ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဇော်လင်းမှ ပြည်သူ့ကျန်းမာရေးလုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေး တင်ပြကြပြီး ရှမ်းပြညနယ် စီမံအုပ်ချုပ်ရေးစီမံဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်းက အမှာစကားပြောကြားကာ ဆေးရုံတက်ရောက်ကုသနေသော လူနာများအား ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့များတို့မှ အားပေးစကားပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)