စစ်တွေ မေ ၂၈
စစ်တွေမြို့နယ် ကျေးလက်လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံးရာနှုန်းပြည့် ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
ထိုသို့ရေပေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စစ်တွေမြို့နယ် ကျောက်တန်းချေကျေးရွာ၌ အိမ်တိုင် ရာရောက်ရေပေးရေးလုပ်ငန်းကို ခွင့်ပြုငွေကျပ် ၂၆ ဒသမ ၉၉၀ သန်းဖြင့် ရေစင်မှ ရေပိုက် သွယ်တန်းခြင်း အရှည်ပေ ၆၀၀၀ ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြရာ စစ်တွေခရိုင်ကျေးလက်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များအား လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်းသိရသည်။ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ခြင်းကြောင့် ကျောက်တန်းချေကျေးရွာရှိ အိမ်ထောင်စု ၁၆၀ ၊ လူဦးရေ ၉၅၀ တို့မှာ သောက်သုံး ရေဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်း