ဇမ္ဗူသီရိ မေ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ဇမ္ဗူသီရိမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌ)ဦးနေမျိုးထွန်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်ဝေဝေမာလှိုင်က ကလေးသူငယ်များနှင့် ပတ်သက် ၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လိင်အကြမ်းဖက်ခံရသော အမျိုးသမီးငယ်များကို ထောက်ပံ့ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာသူ အမျိုးသမီးငယ်များကို နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်ရရှိစေရေး အိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အကြမ်းဖက်မှု၊ ခြိမ်းခြောက်ခံနေရမှု ကင်းဝေးစေရေး ဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များက မိမိတို့ဆောင်ရွက်နေသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)