ဘားအံ မေ ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်စေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မေလ နောက်ဆုံးအပတ်မှ စတင်ထုတ်ချေးပေးနေလျက် ရှိနေကြောင်း သိရသည်။
၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများတွင် ထုတ်ချေးပေးသွား မည်ဖြစ်ရာ ဘားအံမြို့နယ် အတွင်းရှိ တောင်သူလယ်သမားများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ပေးရာတွင် မေလ(၂၆)ရက်နေ့မှ စက်တင်ဘာလကုန်အထိ ကျေးရွာအုပ်စု(၇၀)ခန့်နှင့် တောင်သူ (၁၆၀၀)ဦးကို လျာထားပြီး လယ်ဧကပေါင်း (၁၀၉၆၀) ဧကအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ငွေကျပ်(၁၆၄၄၀)သိန်းထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် ယခင်နှစ်၂၀၂၀ ပြည့်နှစ်က ကျေးရွာအုပ်စု(၇၆)ဦး၊ တောင်သူ(၃၁၀၀)ဦး၊ လယ်ဧကပေါင်း (၁၈၇၄၁)ဧကအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေေကျပ်(၂၈၁၁၁.၅၀)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်