ခမောက်ကြီး မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ခြင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ) အတွက် ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ် ထောက်ပံ့ခြင်းဖြစ်ပြီး ထိုသို့ပေးအပ်ခြင်းသည် ဒုတိယကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။ ယင်းထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်ကို ခမောက်ကြီးမြို့ အမှတ်(၁ ) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား (၆) ဦး၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရူပါမြင့် (ခမောက်ကြီး ပြန်/ဆက်)