မြင်းခြံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ စာအုပ်စာစောင်များ ငှားရမ်းပေး

မြင်းခြံ မေ ၂၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်ကို အစိုးရရုံးပိတ်ရက်များမှအပ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉:၃၀ နာရီမှ ညနေ ၄:၃၀ နာရီအချိန်ထိ ဖွင့်လှစ်ပေးထားပြီး နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ အပျော်ဖတ်ဝတ္ထုများ၊  သုတ/ရသ အမျိုးအစား စုံလင်သော စာအုပ်စာစောင်ပေါင်း တစ်သောင်းကျော်ရှိပြီး စာပေချစ်မြတ်နိုးသူများ အခမဲ့လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်းနှင့် စာအုပ်စာပေ ဖတ်ရှုချင်သူများ မည်သူမဆို လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

မြင်းခြံခရိုင်(ပြန်/ဆက်)