မြောင်းမြမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ခုနှစ်၊ သက်ကြီးအဘိုး၊ အဘွား များအား ဒုတိယအကြိမ် လူမှုရေးပင်စင်ထောက်ပံ့

မြောင်းမြ မေ ၂၉
 
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်၂၀၂၁−၂၀၂၂ ခုနှစ်၊ အသက်(၈၅)နှစ် အထက်သက်ကြီး အဘိုး၊ အဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
 
ထိုသို့ ထောက်ပံ့ရာတွင် မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနော်ဝင်းနှင့် မူလတန်းကြို ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဌေး တို့မှ မြောင်းမြမြို့နယ်၊ အမှတ်(၇) ရပ်ကွက်နှင့် မြကန်သာရပ်ကွက်တို့ရှိ အသက်(၈၅)နှစ် အထက်အဘိုး၊ အဘွားများအား(၁)ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးခဲ့သည်။ မြောင်းမြမြို့နယ်တွင် လူမှုရေးပင်စင် ထောက်ပံ့မည့် အသက်(၈၅)နှစ်အထက် သက်ကြီး အဘိုး၊အဘွား(၁၃၁၂)ဦးရှိပြီး တစ်ဦးလျှင် ကျပ်(၃၀၀၀၀)နှုန်း ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
 
သက်ဝေ၊ ခင်ထက် (ပြန်/ဆက်)