ဂွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆေးဖျန်းခြင်း၊ Mask နှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်

ဂွ မေ ၃၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆေးဖျန်းခြင်း၊ Maskနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြို့ပေါ်ကျောင်းများ၌ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာ ကျောင်းပေါင်း (၇)ကျောင်းတွင် စာသင်ခန်းများအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ကြည့်ရှုခဲ့ပြီး ကျောင်းတစ်ကျောင်လျှင် Mask(၂၀၀)ခုစီနှင့် HandGel(၁၀)ဘူးစီ ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်း