အုတ်တွင်း ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုုပ်စက် သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်း(၃)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက သင်တန်းဖွင့်လှစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ တောင်ငူခရိုင် အိမ်တွင်းမှု သင်တန်းကျောင်းမှ နည်းပြဆရာမ ဒေါ်စိုးနန္ဒာကျော်အား မြို့နယ် ဦးစီးမှူး ဒေါ်စုနွယ်က အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး သင်တန်းသို့ တက်ရောက်လာသော သင်တန်း သူများအား သင်တန်းလက်မှတ်နှင့် သင်ထောက်ကူ ပစ္စည်းများအား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ် သမဝါယမ ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့က အသီးသီးပေးအပ်ခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။