ဝေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ

 

ဝေါ ဇွန်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူ များကို မေလ ၂၄ ရက်မှ စတင်၍ ကျောင်းများ စတင်အပ်နှံခြင်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။

ဝေါမြို့နယ်တွင် ဇွန်လ ၁ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်း များသို့ ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်လျက်ရှိရာ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ရပ်မိရပ်ဖ များ၊ ကျောင်းသား မိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ဝေါမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းပေါင်း(၁၃၀)ကျောင်း၊ဘက()ကျောင်းနှင့် ကိုယ်ပိုင် ကျောင်း() ကျောင်း ရှိပြီး (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် ဇွန်လ ၁ရက်နေ့အထိ အထက်တန်းအဆင့် ကျောင်းသား /ကျောင်းသူ (၉၉၇)ဦး၊ အလယ်တန်း ဆင့် (၆၈၄၀)ဦး၊ မူလတန်းဆင့် (၁၂၆၃၆) ဦးစုစုပေါင်း (၂၀၄၇၃) ဦး၊ တို့ အပ်နှံတက် ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်မြတ်လင်း (ပြန် /ဆက်)