သာကေတ ဇွန် ၁
၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် စာဖြေဌာနအတွက် သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တွင် ယနေ့ နေ့လယ် (၁၂)နာရီက စတင်ကျင်းပခဲ့သည်။
အဆိုပါ ဓမ္မာစရိယစာမေးပွဲအား ဇွန်လ(၁)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိ နေ့လယ်(၁၂)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပမည်ဖြစ်ပြီး ဇွန်လ(၁)ရက်နေ့တွင် ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာအား စာဖြေသံဃာတော်(၁၃၀)ပါးမှ ဖြေဆိုကြပြီး သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာနှင့် ဓမ္မာသင်္ဂဏီပါဠိအဋ္ဌကထာများအား ဆက်လက်ဖြေဆိုကြမည်ဖြစ်သည်။ စာဖြေသံဃာတော် များ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် သာကေတမြို့နယ် သံဃနာယကဥက္ကဋ္ဌဘဒ္ဒန္တအာစိဏ္ဏ၊ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တကောမလအပါအဝင် ဩဝါဒစရိယဆရာတော်(၁၁)ပါး၊ ကြီးကြပ်ရေးဆရာတော်(၁၅)ပါး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူး ဦးသန်းဦး၊ လက်ထောက်သာသနာရေးမှူး ဦးကျော်ကျော်အောင်တို့မှ အနီးကပ် ကြီးကြပ်ခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)