မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင် ထောက်ပံကြေးနှင့် ဝတ်ရွတ်အဖွဲ့အား ဝတ်စုံထောက်ပံ့ပေးအပ်ပွဲကျင်းပ

မတ္တရာ ဇွန် ၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏  အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားကြမည့် မိသားစုဝင်သား၊သမီးများအား ပညာသင်ကြေးထောက်ပံ့ပေးအပ်ခြင်းနှင့် ဝတ်ရွတ်အဖွဲ့အား ဝတ်စုံထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲ အချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းမှ ဝန်ထမ်းမိသားစုများရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် တက္ကသိုလ်/ကောလိပ်အသီးသီးတို့တွင် ပညာ သင်ကြားကြမည့် မိသားစုဝင် သား/သမီး များအား ပညာသင်ကြေးထောက်ပံ့ပေးအပ်ရခြင်းနှင့် ဝတ်ရွတ်အဖွဲ့အား ဝတ်စုံထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်သူရသိန်း၊ မြို့နယ်မိသားစုစည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ဖြိုးအိဆွေနှင့် ဒုတိယဦးစီးမှူးတို့မှ ပညာသင်ထောက်ပံ့ကြေးများနှင့် ဝတ်ရွတ်ဝတ်စုံများကို ထောက်ပံ့ပေး အပ်ကြခဲ့ရာ ကျောင်းသားကျောင်းသူများနှင့် ဝတ်ရွတ်အဖွဲ့တို့မှလက်ခံရယူခဲ့ကြပြီး ကျောင်းသားမိဘများကိုယ်စား မိဘတစ်ဦးနှင့် ဝတ်ရွတ်အဖွဲ့ဝင် တစ်ဦးတို့မှ ကျေးဇူးတင်စကားများပြောကြားခဲ့သည်။

 ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်အဆင့်(၈)ဦးအား တစ်ဦးလျှင် ၂၀၀၀၀ကျပ်၊ အထက်တန်း အဆင့်(၁၁)ဦးအား တစ်ဦးလျှင်၁၅၀၀၀ကျပ်၊ အလယ်တန်း အဆင့်(၁၂)ဦးအား တစ်ဦးလျှင်(၁၀၀၀၀)ကျပ်၊ မူလတန်းအဆင့်(၂၀)ဦးအား တစ်ဦးလျှင် (၇၀၀၀)ကျပ်နှင့် KGအဆင့်(၁)ဦးအား ၅၀၀၀ကျပ် စုစုပေါင်း ကျောင်းသား ကျောင်းသူ(၅၂)ဦး တို့အား ၅၉၀၀၀၀ကျပ် ထောက်ပံ့ပေး နိုင်ခဲ့ကြောင်းသိရသည်။

စိုးကျော်သူထွေး