နတ်မောက်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ဆေးထိုး၊ ဆေးတိုက်ခြင်းဆောင်ရွက်

နတ်မောက်  ဇွန်   ၇           

     

မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်(၇)  ရပ်ကွက်အတွင်းရှိ  ကိုယ်ဝန်ဆောင်မိခင်လောင်းများအား  အပတ်စဉ် ပုံမှန် ကာကွယ်ဆေးထိုးခြင်း ၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉) နာရီခန့်က ထိုးနှံ၊ တိုက် ကျွေးခဲ့ကြောင်းသိရသည်။

 

အဆိုပါ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ /တိုက်ကျွေးရာတွင်  ကိုယ်ဝန်ဆောင်မိခင်လောင်းများ အတွက် ဆုံဆို့ ၊ မေးခိုင်ကာကွယ် ဆေးထိုး နှံပေးခြင်း ၊  ကိုယ်ဝန်ဆောင်အားဆေး ( PRENATAL  TABLET )၊   သန်ချဆေး ( MEZON )၊ ဗီတာမင်အားဆေး ( BEVIT )ဆေးများ အားတိုက် ကျွေးခြင်းနှင့် HIV ကာလသား ရောဂါပိုး စစ်ဆေးပေးခြင်း ၊ သွေးအားနည်းရောဂါစစ်ဆေးခြင်း ၊ ကိုယ်ဝန်ဆောင်ငှက်ဖျား ရောဂါပိုးစစ် ဆေးခြင်း ၊ သွေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူများက လူမှုရေး အဖွဲ့ အစည်း များနှင့်ပူးပေါင်း၍ ကိုယ်ဝန် ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်  ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) များတပ်ဆင်လာစေရေး ၊ လူစုလူဝေး မဖြစ်စေရေးတို့ကို စီမံဆောင်ရွက် ပေးခဲ့ ကြောင်းသိရသည်။

 

သင်းသင်းဝေ(နတ်မောက်)