နတ်မောက်မြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးခြင်းနှင့် GAP နည်းစနစ်များ စိုက်ပျိုးထုတ်လုပ် ခြင်းအတွက် ကွင်းဆင်းဆောင်ရွက်

နတ်မောက် ဇွန်  ၇                                                             

 

နတ်မောက်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများသို့ ယမန် နေ့ နံနက် (၉)နာရီအချိန်ခန့်က  မိုးသီးနှံစိုက်ခြင်းနှင့် GAP နည်းစနစ်စိုက်ပျိုး ထုတ် လုပ်ခြင်းအတွက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ မိုးရာသီမိုးနှမ်း ၊မိုးမြေပဲ ၊ မိုးပဲတီစိမ်း ၊ မိုးစပါး၊ မိုးနေကြာ မျိုးစေ့ထုတ်လုပ်ငန်းများနှင့် မိုးနှမ်း ၊ မိုးပဲတီစိမ်း ၊ မိုးမြေပဲ G A P စနစ် စိုက်ပျိုး   ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောက်ရွက်သွားမည်ဖြစ်ရာ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက ညောင်ကျပ္ပင် ကျေးရွာအုပ်စု နှင့် တဲကြီးကျေးရွာအုပ်စုများသို့ သွားရောက်ပြီး တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးခြင်း များဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံ မှသိရသည်။

 

သင်းသင်းမြတ်