ဖားဆောင်း မေ ၂၀
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲ အချိန်က စာပေမှရရှိသော အသိအမြင် ဗဟုသုတ များကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန်၊ စာဖတ်သူအချင်းချင်း အသိပညာများမျှ ဝေတတ်စေရန်၊ စာဖတ်ရှိန် မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ် ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) အတွင်းရေးမှူး ဒေါ်ဝင်းဗိုလ်က စာရေး ဆရာ ချစ်နိုင်ရေးသားသည့် “သာလွန်လှပတဲ့မနက်ဖန်” စာအုပ်အား ဖတ် ကြားဆွေးနွေးပြီး တက်ရောက် လာသော (Book Club)အသင်းဝင်များနှင့်( Youth Club)အသင်းဝင် များက စာအုပ်ပါအကြောင်းအရာများကို အမြင်ချင်း ဖလှယ်၍ အပြန်အလှန် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြသည်။
ဖားဆောင်းမြို့နယ် ပြဘ်သူ့စာကြည့်တိုက်တွင် စာဖတ်ပရိသတ်များ စုပေါင်း၍ စာဖတ်ဝိုင်းများ ရှိသည့်အပြင် စာကြည့်တိုက်သို့မလာရောက်နိုင်သူများအတွက်လည်း ဖားဆောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှလည်း စာအုပ်မိတ်ဆက်အစီအစဥ်များနှင့် ကလေးများတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ခြင်း၊အလှဆင်ခြင်းများနှင့် သိမှတ်ဖွယ်ရာဗဟုသုတမျှဝေခြင်း အစီအစဥ်များဖြင့်အသိပညာဗဟုသုတ မျှဝေပေးလျက်ရှိကြောင်း သိရသည်။
နန်းသဲနုအောင်