သတင်းများ

ဘားအံခရိုင် Community Centre တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
May 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော “ပန်းလိုချင် အပင်ပျိုးတက်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
သာယာဝတီမြို့နယ် အမှတ်(၂) ကျောင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း ၁၀၀ ရာခိုင်နှုန်းပြီးစီး
May 20,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရွှေသစ္စာမင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် အမှတ်တ်(၂) ကျောင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ အရှည် ၁၂၃၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မ စုစုပေါင်းကုန်ကျငွေကျပ် ၁၁.၄၄၅ သန်းဖြစ်ပြီး ၁၀၀ ရာခိုင်နူန်းပြီးစီးပြီဖြစ် ကြောင်း သိရသည်။
ခရမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများအား မေလ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံ ပေးသွားမည်
May 20,2021
ရန်ကုန်တိုင်းဒေသကြီး၊  ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၀ - ၂၀၂၁ ပညာ သင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းယုမြို့၌ အရိပ်ရခြံထွက် လိုင်ချီးသီးများ လှိုင်လှိုင်ပေါ
May 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသထွက် မိသားစုအိမ် တစ်နိုင်တစ်ပိုင် ခြံထွက်အရိပ်ရ လိုင်ချီးသီးများ လှိုင်လှိုင်ပေါ်၍ ဆွတ်ခူးရောင်းချရာမှ မိသားစု အပိုဝင်ငွေရကာ အဆင်ပြေလျက်ရှိသည်။
မင်းလှမြို့၌ သဘာဝဘေးအန္တရာယ် ကြောင့်သီးနှံများပျက်စီးထိခိုက်မှုအတွက် ထောက်ပံ့ ငွေပေးအပ်
May 20,2021

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့၌ ၂၀၂၀-၂၀၂၁ခုနှစ်သဘာဝဘေး အန္တရာယ် ကြောင့် သီးနှံများထိခိုက်ပျက်စီးမှုများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ) ကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သူများ၏ အမှတ်စာရင်းများ ထုတ်ပေး
May 20,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်မြင်ခဲ့သူများ၏ အမှတ်စာရင်းများကို အ.ထ.က (သုဝဏ္ဏ)ကျောင်း၌ မေလ ၁၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်၊ အဝတ်အထည်နှင့် ဆေးဝါးများထောက်ပံ့ပေးအပ်
May 20,2021
နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား “မိတ်ဆွေကောင်း”လူမှုကူညီရေးအသင်းနှင့် စေတနာရှင်များက အခြေခံစားသောက်ကုန်၊ အဝတ်အထည်နှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ် လှူဒါန်းခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မေလ (၁၈)ရက် နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်များဆက်ကပ်လှူဒါန်း
May 20,2021
ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ(စူဠဘွဲ့နှင်းသဘင်)အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်  သမားတော်ကျောင်းတိုက် ရွှေပြည်တန်ဓမ္မဗိမာန်တော်ကြီး၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။