တောင်ငူ မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာအောင်က ကလေးသူငယ်အခွင့်အရေးဖြစ်သည့် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ခွင့်များ ရရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများနှင့် ပတ်သက်၍ ရရှိပိုင်ခွင့်ရှိသည့် အခွင့်အရေး များဆိုင်ရာ ဥပဒေများ၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို တက်ရောက်ကြသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်