ရန်ကင်း မေ ၂၀
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများအား တက္ကသိုလ်ဝင်လမ်းညွှန်နှင့် အမှတ်စာရင်းများကို ရန်ကင်းမြို့နယ် အထက(၁)၊ အထက(၂)၊ အလက(၂) အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်လမ်းညွှန်တွင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ၊ တက္ကသိုလ်ဝင် လမ်းညွှန် စာအုပ်နှင့် အမှတ်စာရင်းများကို ကျောင်းသားကျောင်းသူများ အဆင်ပြေ လွယ်ကူစွာ ထုတ်ယူနိုင်ရေး တာဝန်ကျ ဆရာ၊ ဆရာမများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တက္ကသိုလ်ဝင် လမ်းညွှန်များကို ပြင်ပမှ ဝင်ရောက်ဖြေဆို အောင်မြင်သူများအားလည်း ဖြေဆိုခဲ့သည့် စာစစ်ဌာနများတွင် ထုတ်ယူနိုင်ပြီး မေလ ၁၀ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။ တက္ကသိုလ်ဝင် တန်းအောင်မြင်ပြီးသူ ကျောင်းသားကျောင်းသူ များအနေဖြင့် တက္ကသိုလ်ဝင် လမ်းညွှန်များ ထုတ်ပေးသည့်အတွက် မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်များသို့ အဆင်ပြေလွယ်ကူစွာ လျှောက်ထားနိုင်ကြောင်း သိရသည်။
ထွေးလေး(ပြန်/ဆက်)