မင်းလှ မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့နယ်ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီအတွက်ဒုတိယ အကြိမ် အင်းလေလံနှင့် ပထမအ ကြိမ်တင်ဒါချက်များလေလံရောင်း ချခြင်းကို မေ ၂၀ ရက်နံနက် ၁၀ နာရီကမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါလေလံတင်ရောင်းချပွဲတွင် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က အမှာစကား ပြောကြားပြီး၊ခရိုင်ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းက အင်းများ လေလံ တင်ရောင်းချခြင်းအ ကြောင်းနှင့် ၂၀၂၁ -၂၀၂၂ ခုနှစ်ငါးလုပ်ငန်းရာသီအတွက် ဂရန်အင်းများ၏ လိုက်နာရမည့် စည်းကမ်းချက်များကိုရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်၊ခရိုင်ငါးလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးညွှန့်၊မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူးဦးဖြိုးဝေလင်းနှင့် တာဝန်ရှိသူများက ဂရန်အင်းများလေလံ တင်ရောင်းချရာ အုတ်ဖိုမြို့နယ် အတွင်းရှိဇီးပင်ကွင်းအင်းနှင့် မင်းလှ၊အုတ်ဖို၊နတ်တလင်းမြို့နယ်အတွင်းရှိ တင်ဒါချက်(၈) ချက်တို့အား လေလံတင်ရောင်းချခဲ့ရာ တင်ဒါချက် (၆) ချက်ကိုအင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန် ငွေကျပ် (၈၂၇၀၀၀၀) ကျပ်တိတိအားနိုင်ငံတော်အခွန်ငွေရရှိခဲ့ကြောင်း၊တတိယအကြိမ်အင်းနှင့် ဒုတိယအကြိမ် တင်ဒါကို ဇွန်လ ၇ ရက်နေ့တွင်ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ပေါက်စ -မင်းလှ