ဆင်ပေါင်ဝဲ မေ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား များ ကိုင်ဆောင်ထားခြင်း မရှိသူများကို မကွေးတိုင်းဒေသကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူး ဦးသိန်းလွင် ဦးဆောင်၍ အဖွဲ့ ခေါင်း ဆောင် လက်ထောက်မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း အဖွဲ့တို့သည် ယနေ့ နံနက် ၉ နာရီ က လွန်ချီ ကျေးရွာ ဓမ္မာရိပ်သာအတွင်း၌ ကွင်းဆင်းဆောင်ရွက်ရာ အိမ်ထောင်စု(၅) စုနှင့် အသက် (၁၆) နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ (၁၅) ဦးတို့အား ပြုလုပ်ပေးခဲ့ပြီး ယင်းအဖွဲ့နှင့် အတူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)