လက်ပံတန်း မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားပြည်သူ များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို မေလပထမပတ် မှစတင်၍ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ (၁၈)လတွင် အသက်(၁၆ နှစ်မ ၁၈နှစ်ထိ)နှင့် (၁၈နှစ်အထက်)ရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။ လက်ပံတန်းမြို့နယ်တွင် အသက်အသက်(၁၈) နှစ်ပြည့် လူဦးရေ (၁၃၁၆၄၂)ဦး ရှိသည့်အနက် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိသည့် လူဦးရေ(၅၉၆၁)ဦးအား ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပေးသွားမည်ကြောင်း မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)