စေတုတ္တရာမြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန် မပျက် အကောင်အထည် ဖော် ဆောင် ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

စေတုတ္တရာ မေ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း ရပ်ရွာ လုံခြုံ ရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်းကာ ဒေသခံ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံ၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် မှုဖြင့် ဌာနဆိုင်ရာ များက အဖွဲ့(၂)ဖွဲ့ ခွဲ၍ မြို့နယ်အတွင်းရှိ ကျောင်းများ အားလုံး တည်ငြိမ်အေးချမ်းစွာ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင် ဆောင် ခွင့်ရရှိရေး ပန်းခင်း စီမံချက်ဖြင့် ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်မည့်အစီအစဉ်များ၊ ကျေးလက်ဒေသလမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေး၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီးလင်း ရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်းများစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီးဒေသခံ ရပ်မိရပ်ဖများ၊ ကျေးရွာများရှိ အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်း များနှင့်တွေ့ဆုံ၍ အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်သန်းလှိုင်