စဉ့်ကိုင် မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)နှင့် (Cash For Word) စီမံကိန်းလုပ်ငန်းများ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်ငန်းများ စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)နှင့် (Cash For Word) စီမံကိန်း လုပ်ငန်းများ စစ်ဆေးမည့် အခြေအနေ အချက်အလက်များကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင် မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး စဉ့်ကိုင်မြို့နယ်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကျေးရွာအလိုက် ထုတ်ယူထားသည့် ကျေးရွာမတည်ရန်ပုံငွေ(VRFP)(၈)ရွာနှင့် (Cash For Word) စီမံကိန်း လုပ်ငန်းများဖြင့် ကျေးရွာ (၁၀)ရွာတွင် ကျေးရွာတွင်း လမ်းများ ကွန်ကရစ်လမ်းခင်းခြင်း၊ ဂျင်းကျောက်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
ညိုညိုဝင်း(စဉ့်ကိုင်ပြန်/ဆက်)