လပွတ္တာ မေ ၂၀
၂၀၂၁-၂၀၂၂ လုပ်ငန်းရာသီအတွက် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်နှင့် ပြင်စလူမြို့ဧရိယာအတွင်းရှိ ငါးဖမ်းကွက်များအား (ပထမအကြိမ်) စျေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ရွေးနဒီခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ဧရာ၀တီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးသော်ထွန်းဦး၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်တို့က အမှာစကား အသီးသီး ပြောကြားသည်။
ယင်းနောက် လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်းက တင်ဒါ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
လပွတ္တာမြို့နယ်နှင့် ပြင်စလူဧရိယာအတွင်းရှိ ငါးဖမ်းကွက်(၁၂၁)ချက်အား ပွင့်လင်းမြင်သာစွာဖြင့် စျေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့သည်။ ကျန်ငါးဖမ်း ကွက်များအား သတ်မှတ်ရက်များတွင် ဆက်လက်ရောင်းချ သွားမည်ဖြစ်ကြောင်းနှင့် အခမ်းအနားကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)