ရေနံချက်စက်ရုံ (သန်လျင်)၌ ပင်စင်များလစာအား ကိုဗစ်- ၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ထုတ်ပေး မည်

 

သန်လျင် မေ ၂၀

 ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ် () ရေနံချက်စက်ရုံတွင် ပင်စင်လစာများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ မေ ၂၁ ရက် နံနက် နာရီမှ စတင်ကာ ပုံမှန် ထုတ်ပေး နေသည့် ပင်စင်ဌာနစိတ်၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့ အမှတ် () ရေနံချက်စက်ရုံတွင် ပင်စင်ထုတ်ယူကြမည့်သူများအနေဖြင့် ရေနံရုံးကြီး၌ မေ ၂၁ ရက်နေ့ (တစ်ရက်)အတွင်း ပင်စင်အမျိုးအစားအားလုံး လာရောက်ထုတ်ယူပေးကြရန်နှင့် ပင်စင် လာရောက် ထုတ်ယူသည့် အခါ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်/နှာခေါင်းစည်း Mask များ တပ်ဆင်လာကြရန်၊ ပင်စင် ထုတ်ယူမည့်သူ တစ်ဦးသာ လာရောက်ထုတ်ယူကြရန်နှင့် ကျန်းမာရေး အခက်အခဲကြောင့် မဖြစ်မနေ လာရောက်ထုတ်ယူပါက နှစ်ဦးထက်မပို ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ လာရောက်ထုတ်ယူကြရန်၊ ကျန်းမာရေး အတွက် ကလေးငယ်များအား (လုံးဝ) မခေါ်လာရန် သက်ဆိုင်ရာမှ မေတ္တာရပ်ခံ အသိပေး နှိုးဆော် ထားရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)