ဇမ္ဗူသီရိ မေ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ဇမ္ဗူသီရိမြို့နယ်တွင် လူဦးရေစုစုပေါင်း (၁၂၇၂၁၆) ဦးနေထိုင်လျက်ရှိပြီး အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိ (၄၇၇၈) ဦးနှင့် အသက် ၁၈ နှစ်အထက် (၉၃၇၁၂) ဦးရှိပြီး အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန်ကျန်ရှိသည့် (၅၇၃၁) ဦးအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက် ရာတွင် အသက် ၁၆နှစ် မှ ၁၈ နှစ်အထိနှင့် အသက် ၁၈ နှစ်အထက်ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)