တောင်ငူ မေ ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မြို့နယ်အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ကျင်းပ သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ခင်သီတာအောင်က အမျိုးသမီး ကော်မတီ ဖွဲ့စည်းဆောင်ရွက် ထားခြင်းနဲ့ ပတ်သက်၍ ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တက်ရောက်ကြ သူများက အမျိုးသမီးများအပေါ် ရုပ်ပိုင်း ဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ၊ လိင်ပိုင်း ဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု ၊ အိမ်တွင်းအကြမ်းဖက်မှု စသည့် အကြမ်းဖက်သည့် ပြုလုပ်မှုများအား တားဆီးကာကွယ်နိုင်ရေး ၊ အမျိုးသမီး၏ လူမှုစီးပွားဘဝကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ အမျိုးသမီးတို့၏ ဘဝဖွံ့ဖြိုး တိုးတက်ရေး ၊ ကျား /မရေးရာ တန်းတူ ညီမျှရေး နှင့် အမျိုးသမီး များ၏ အခွင့်အရေးများ ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြ ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အမျိုးသမီး ကော်မတီဝင်များ နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ အသီးသီး တက်ရောက် ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်