ပင်လည်ဘူး မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ပင်းမူကျေးရွာအုပ်စု၊ ပင်းမူကျေးရွာ စတုတ္ထ အလင်း စာကြည့်တိုက်၌ ပညာဒါနအဖြစ် သင်တန်းသား ၁၄ ဦး သက်တန်းနည်းပြ ၃ ဦး တို့ဖြင့် ဖွင့်လှစ်သော အမှတ်စဉ် (၁) အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအား သင်တန်းနည်းပြတာဝန်ခံ အရှင်ဥက္ကံသက အဖွင့်စကား မိန့်ကြား၍ တာဝန်ရှိ သူများက သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းဆင်းပွဲသို့ ပင်းမူ ကျေးရွာတာဝန်ခံ၊ ရပ်မိရပ်ဖများ စာကြည့်တိုက်ကော်မတီဝင်များ၊ သင်တန်းနည်းပြ ဆရာများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)