ပြည် မေ ၂၀
ကိုဗစ်(၁၉)ရောဂါစတင်ဖြစ်ပွားစဥ်ကာလမှ ယခုနှစ် ဧပြီ ၂၈ရက်နေ့အထိ ခေတ္တယာယီ ပိတ်ထားခဲ့ရသော ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခေတ္တရာမြို့သစ် (၁၀)လမ်းထိပ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ယခုနှစ် ဧပြီ ၂၉ရက်နေ့မှ စတင် ပြန်လည်ဖွင့်လှစ်ကာ ပြည်သူ့စာကြည့်တိုက်၏ (အခမဲ့)စာငှား/စာဖတ် ဝန်ဆောင်မှု လုပ်ငန်းများကို အပတ်စဉ်ရုံးဖွင့်ရက်များအတွင်း နေ့စဉ် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအချိန်အထိနေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်တွင် နိုင်ငံတော်ပြန်တမ်းများ၊ နေ့စဉ်ထုတ်သတင်းစာ များ၊ အပတ်စဉ်ထုတ်ဂျာနယ်/ စာစောင်များ၊ လစဉ်ထုတ်မဂ္ဂဇင်း များ၊ ရုပ်ပြ/ကာတွန်းများနှင့် ဝတ္ထုစာအုပ်များအပါအဝင် သုတ/ရသစာအုပ်စာပေ စုစုပေါင်းအုပ်ရေ ( ၁၃၆၇၈ ) ဖြင့် အများပြည်သူအလွယ် တကူ စာပေဖတ်ရှုလေ့လာနိုင်ရေးအတွက် (အခမဲ့)စာငှား/စာဖတ်ဝန်ဆောင်မှု လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ပြည်သူ့ စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်စာပေများကို မည်သူမဆို (အခမဲ့) လာရောက် ငှားရမ်း ဖတ်ရှုနိုင်ကြောင်း ပြည်ခရိုင်ပြန်/ဆက် ဦးစီးဌာနရုံးမှ သိရသည်။
ခရိုင်ပြန်/ဆက်