ဖြူး မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၆−၂၀၁၇ခုဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ သည့်မင်းလမ်းကူး မြစိမ်းရောင် စီမံကိန်း ကျေးရွာ မှ ရရှိလာသောအတိုးငွေနှင့် ပြည်သူလုပ်အား ထည့်ဝင်မှုဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာအတွင်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်း ပြီးစီးမှု အခြေအနေကို ခေတ္တမြို့နယ် ဦးစီးမှူးနှင့် အဖွဲ့မှ မေလ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ကွင်း ဆင်း စစ်ဆေးခဲ့ ကြောင်း သိရ ပါသည်။
အဆိုပါ ကျောက်ရော မြေခင်းခြင်းလုပ်ငန်းအား မြစိမ်းရောင် စီမံကိန်းမှ ရရှိလာသောအတိုးငွေ ၂၃၆.၇၆၁သိန်းမှ (၁၁၀)သိန်းအား ပြည်သူလုပ်အား ထည့်ဝင်မှုဖြင့် ကျေးရွာတွင်း လမ်းအရှည် ၂၃၀၅ပေ၊အကျယ်(၁၂)ပေ၊ အမြင့်၉လက်မကို ၂၀၂၁ခုနှစ်၊မတ်လ ၇ ရက်နေ့မှ စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုအခါပြီးစီးခဲ့ပြီဖြစ်ကြောင်း ခေတ္တမြို့နယ် ဦးစီးမှူးထံမှ သိရသည်။
ထိုသို့ ကျောက်ရော မြေခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ ကျေးရွာ မြစိမ်းရောင်စီမံကိန်းအဖွဲ့ဝင်တစ်ဦးက အတိုးရငွေများ ကို ကျေးရွာ ဖွံ့ရေးအတွက် ကျောက်ရော မြေခင်းခြင်းလုပ်ငန်း ကျေးရွာအတွက် စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး များစွာအဆင်ပြေမှုရှိ လာကြောင်း နှင့်ကျေးရွာနေ ပြည်သူများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက် တက်သည့် အလေ့အကျင့်ကောင်း များကို ရရှိလာကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
မနွယ်(ဖြူး)