နောင်ချို မေ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာ၊ သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၌ (အခမဲ့) ကွန်ပျူတာသင်တန်းဖွင့်လှစ်ရန်အတွက် သင်တန်းသား၊ သင်တန်းသူများ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို သဖန်းကိုင်းပရဟိတ ဆရာတော်၏ ဦးဆောင်စီစဉ် ညွှန်ကြားမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ လူမျိုးဘာသာမရွေး အခမဲ့ တက်ရောက်နိုင်ကြောင်း၊ သင်တန်း တက်ရောက်လိုသူများ သဖန်းကိုင်းပရဟိတအဖွဲ့ ရုံးခန်းသို့ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း၊ ဇွန်လ ၆ ရက်မှ ဇူလိုင်လ ၆ ရက်နေ့အထိ (၁)လတာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးသာ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ် ( ပြန်/ဆက်)