ကြာအင်းဆိပ်ကြီးမြို့နယ်၌ သစ်သီးဝလံအခြေခံစားသောက်ကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်
May 24,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသနေ ကျေးလက်ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ နေ့စဉ်ဝင်ငွေများရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများကို လုပ်ကိုင်လာနိုင်စေရေးအတွက် သင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ သစ်သီးဝလံအခြေခံစားသောက်ကုန် ထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။