နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်

နတ်မောက် မေ ၂၄   

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နတ်မောက်မြို့ ဈေးရပ်ကွက် ၊ ဘုရင့်နောင် လမ်းသွယ်(၁)တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း  ဒေသဖွံဖြိုးရေးရန်ပုံငွေ (၇.၈) သန်း ဖြင့် အရှည်(၇၀၀)ပေ၊ အကျယ်(၁၂)ပေ တည်ဆောက်ခြင်းလုပ်ငန်းသည် (၁၀၀%)ပြီးစီးပြီ ဖြစ်သည်။

ထို့ပြင် နတ်မောက်မြို့ ကန်ကြီးရပ်ကွက် ကန်ကြီးအောက်လမ်း ကတ္တရာ ခင်းခြင်းကို ငွေလုံး ငွေရင်း ရန်ပုံငွေ(၆၅.၄၈၇)ကျပ်သန်းဖြင့် အရှည် (၄၃၀၀)ပေ၊ အကျယ်(၁၄)ပေ၊ တည်ဆောက်ခြင်း လုပ်ငန်းသည် (၄၀%) ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

သင်းသင်းမြတ်