မိုင်းယုမြို့၌ တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရန် စစ်ဆေးဆောင်ရွက်

မိုင်းယု မေ ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရန်  နယ်စပ်ဒေသပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ယမန်နေ့က ခရီးသွားယာဉ်များအား စစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့များက မြို့အဝင် မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာကြသည့် ကုန်တင်ယာဉ်များ၊ လိုင်းကားများနှင့် ဆိုင်ကယ်များအား တားဆီးကာ တရားမဝင်ပစ္စည်းများ၊ PSI စလောင်းများ သယ်ဆောင်မှု မရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့ကို ထိခိုက်ပျက်ပြားစေမည့် ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများ သယ်ဆောင်လာခြင်း မရှိစေရန်အတွက် နယ်စပ်ဒေသပူးပေါင်းစစ်ဆေးရေးအဖွဲ့များက အထူးကြပ်မတ်စစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)