ချင်းရွှေဟော် မေ ၂၄
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ အခြေခံပညာ အထက်တန်း ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ကျောင်းလာရောက်အပ်နှံသည့် မိဘပြည် သူ၊ ကျောင်းသား/သူများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့်လက်သန့်စင်ခြင်း၊ နှာခေါင်း စည်း(Mask)များအခမဲ့ဖြန့်ဝေပေးခြင်းများနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်အတွက် ချင်းရွှေဟော်နယ်မြေ ခံတပ်မှတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့မှစတင်၍ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအချိန်အထိ သတ်မှတ် ၍ ကျောင်းအပ်လက်ခံဆောင်ရွက်သွား ဖြစ်ကြောင်းနှင့် ဇွန်လ(၁) ရက်နေ့တွင်ကျောင်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်