ထန်းတပင်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်
May 24,2021
မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ် ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် မေလ (၃)ရက်နေ့မှစတင်၍ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး မေလ(၂၃)ရက်နေ့၊ နေ့လယ်ပိုင်းက ကလိန်ကျေးရွာ အုပ်ချုပ် ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာ နေပြည်သူ များလက်ဝယ် အရောက် တာဝန် ရှိသူများ က ပေးအပ်ခဲ့ကြကြောင်းသိရသည်။