ကြာအင်းဆိပ်ကြီး မေ ၂၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသနေ ကျေးလက်ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ နေ့စဉ်ဝင်ငွေများရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများကို လုပ်ကိုင်လာနိုင်စေရေးအတွက် သင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ သစ်သီးဝလံအခြေခံစားသောက်ကုန် ထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းသင်းက သင်တန်းသားများအနေဖြင့် မိမိတို့၏ကျေးရွာအတွင်းမှ ထွက်ရှိသည့် သစ်သီးဝလံများဖြင့် မိမိတို့၏နေအိမ်အတွင်းမှာပင် နေထိုင်ပြီး အခြေခံစားသောက်ကုန်များကို ထုတ်လုပ်ကာ နေ့စဉ်အပိုဝင်ငွေများ ရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်သင်တန်းကို သင်ယူတတ်မြောက်သည်အထိ လေ့လာမှတ်သားသင်ယူကြရန် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို မေလ(၂၄)ရက်နေ့မှ (၃၀)ရက်နေ့အထိ (၇)ရက်ကြာ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)