မော်လမြိုင်ကျွန်း မေ ၂၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အဖြစ် ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများတွင် ကျောင်းများ စတင်အပ်နှံခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။
မြို့နယ်အတွင်းရှိ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် သတ်မှတ်ချက်များ နှင့်အညီ လိုက်နာကျင့်ကြံ၍ ကျောင်းအပ်နှံရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)