ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီလူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၁၅၀၀၀) ပျိုးထောင်ထားရှိ

ဇလွန်    မေ    ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် သစ်တောဦးစီးဌာန၏ မိုးရာသီ လူထုဖြန့်ဝေ စိုက်ပျိုးရန်အတွက်  မြို့မသစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း (၁၅၀၀၀) ပျိုးထောင် ထားရှိကြောင်း သိရသည်။

ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးဥယျာဉ်အတွင်း ကျွန်း (၃၀၀၀)၊ မန်ဂျန်ရှား (၁၀၀၀၀) ပျဉ်းကတိုး (၅၀၀) ၊ ယမနေ (၅၀၀) ၊ ယူကလစ် (၅၀၀) ၊ မဟော်ဂနီ (၅၀၀) ၊ စုစုပေါင်းပျိုးပင်ပေါင်း (၁၅၀၀၀)ကို စိုက်ပျိုးပြုစုပျိုးထောင်ထားရှိပြီး ရာသီဥတု ပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များတစ်နိုင်တစ်ပိုင်စိုက်ပျိုး ပြုစုထိန်းသိမ်းသွားစေလိုကြောင်း ဇလွန်မြို့နယ် ဘိနယ်တာဝန်ခံ ဦးမြင့်သူ၏ ပြောကြားချက်အရသိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)