သတင်းများ

သန်လျင်၌ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
May 23,2021
 ရန်ကုန်တောင်ပိုင်းခရိုင်၊ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန် တောင်ပိုင်းခရိုင် GEC ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး
May 23,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများ သည် ပန်ခင်းစီမံချက်ဖြင့် အောက်ရွာကျေးရွာအုပ်စုနေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးနိုင်ရေးကို အောက်ရွာဓမ္မာရုံ၌ ယမန်နေ့ နံနက်(၉)နာရီတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မိုင်းဖြတ်မြို့၊ ​ဓာတ်​ပေါင်းစု​စေတီ​တော် အ​သောက​ကျောင်းတိုက်၌  ပထမအကြိမ်​မြောက်အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူ​ဇော်ပွဲကျင်းပ
May 23,2021
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် (ပထမ)အကြိမ်​မြောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည​နေ ၅ နာရီအချိန်ခန့်က ​ ဓာတ်​ပေါင်းစု​စေတီပရဝုဏ်အတွင်းရှိ အ​သောကကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
တွံတေးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ
May 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အသက် (၁၆) နှစ်မှ (၁၈) နှစ်ပြည့်ပြီးသူတို့၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ရုံးပိတ်ရက်မရှိ မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်
May 23,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရန်ကုန်ပြည်လမ်းဘေးရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှစ၍ လုပ်ကိုင်ကြသည်။
မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး တွေ့ဆုံဆွေးနွေး
May 23,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဆရာ/ဆရာမများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီ ၄၅မိနစ်က မင်းလှမြို့ အခြေခံပညာ အထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား
May 23,2021
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ အကွက်(၁၅၉)၊ ၈၃လမ်း၊ ၂၅လမ်းနှင့်၂၆လမ်းကြားရှိ မန်းစားသောက်ဆိုင်ဟောင်း၌ ယနေ့နံနက် ၃နာရီ၄၁မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်းဖွင့်လှစ်နိုင်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 22,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် မေလ ၂၂ရက်နေ့ နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ နယ်မြေစခန်းမှူးနှင့် ရဲတပ်ဖွဲ့များ ၊ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ၊ဆရာမများ၊ တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။