သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အ​ခြေခံပညာ​ကျောင်းများ ဖွင့်လှစ်နိုင်​ရေး တွေ့ဆုံ​ ဆွေး​နွေး ပွဲပြုလုပ်

 


   သံဖြူဇရပ်   ​မေ ၂၁


မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်အတွင်း၊၂၀၂၁-၂၀၂၂ခုပညာသင်နှစ် အ​ခြေခံပညာ​ကျောင်းများအားလုံး ဖွင့်လှစ်နိုင်​ရေးအတွက်၊​ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် ​ဆရာ/ဆရာမများ​တွေ့ဆုံ​ဆွေး​နွေးပွဲကို ယနေ့နံနက်၉နာရီခွဲ အချိန်ခန့်က သံဖြူဇရပ်မြို့အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်းပညာ့ဗိမာန်ခန်းမ၌ကျင်းပသည်။

 

အခမ်းအနားတွင် မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြတ်ယုက သံဖြူဇရပ်မြို့နယ်အတွင်း အ​ခြေခံပညာ​ကျောင်းများအားလုံးကို ပညာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသည့်​နေ့ရက်တွင်ဖွင့်လှစ်နိုင်​ရေး အတွက်၊မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များနှင့်ရပ်ကွက်/​ကျေးရွာအုပ်ချုပ်​ရေးမှူးများ၊​ကျောင်းအသီးသီးရှိ ကျောင်းအုပ်ကြီးများနှင့်ဆရာ/ဆရာမများ၊​ ကျောင်းအကျိုးတော်​ဆောင်အဖွဲ့များ၊ မိဘဆရာအသင်းအမှု​ဆောင် အဖွဲ့များမှဘက်ပေါင်းစုံမှကြိုတင်စီမံ​ဆောင်ရွက်ထားရှိ​ရေးကိုပြေကြားသည်။

 


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး​အောင်​ဇော်ဟိန်းက”ကျောင်းဖွင့်ရက်ကာလ အတွင်းအေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက်လုံခြုံ​ရေးတပ် ဖွဲ့ဝင်များနှင့်အတူအုပ်ချုပ်​ရေးမှူး များ၊မီးသတ်တပ်ဖွဲ့ဝင်များမှလုံခြုံ​ရေးသတိရှိစွာ​ဆောင်ရွက်သွား​ရေး”တို့ကို​ပြောကြားသည်။ ထို​နောက်မြို့နယ် အုပ်ချုပ်​ရေးမှူး ဦးအောင်မိုးလွင်၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်​မောင်ထွန်းတို့က မြို့နယ်အတွင်း အ​ခြေခံပညာ​ကျောင်းများအားလုံးဖွင့်လှစ်​ရေးအတွက် ပညာ​ရေးဌာနနှင့်ညှိနှိုင်း၍ ကြိုတင်စီမံ​ဆောင်ရွက် ထားမှုများ၊ကိုဗစ်-၁၉​ရောဂါကာကွယ်​ရေးအပါအဝင်လုံခြုံ​ရေးအစီအမံများကို​အသိ​ပေးပြောကြားသည်။


မြို့နယ်ပညာ​ရေးမှူး(တွဲဖက်)ဦးမြင့်ဦးက​​ကျောင်းများတွင် ကိုဗစ်-၁၉ကာကွယ်​ရေးအတွက်​ဆောင်ရွက်ထားမှု များ၊ပညာ​ရေးဌာနမှ​ ကျောင်းအပ်နှံ​ရေးဆိုင်ရာညွှန်ကြားချက်နှင့်​ဆောင်ရွက်ထားမှုများကို​ပြောကြားပြီးတက်​ရောက်လာသည့်​​ကျောင်းတာဝန်ခံဆရာ၊ဆရာမများမှ မိမိတို့​ကျောင်းလိုအပ်ချက်များကိုတင်ပြ​ရာတာဝန်ရှိသူများမှ​ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်​ပေးခဲ့သည်။
    

 

သံဖြူဇရပ်မြို့နယ်အတွင်းအ​ခြေခံပညာ​ကျောင်းပေါင်း(၁၃၀)တွင် ​မေ(၂၄)ရက်​နေ့မှ(၃၁)ရက်​နေ့အထိ​ကျောင်းအပ်နှံ​ရေးလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
        

 မြို့နယ်ပြန်/ဆက်