မြင်းမူ မေ၂၁
ဒေဒေသခံလူငယ်လူရွယ်များ ကိုယ်ပိုင်လုပ်ငန်းလုပ်ငန်းအဖြစ်ထူထောင်လုပ်ကိုင်နိုင်ပြီး မိသားစု
ဝင်ငွေပုံမှန်ရရှိစေမည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ပစ္စည်းထုတ်လုပ်
ခြင်းသင်တန်းကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်
ပျော့ရွာကျေးရွာတွင်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။
သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်
ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးဒေါ်ထားထားရီက မိသားစု ဝင်ငွေရရှိစေသည့်သင်တန်းများ ဖွင့်လှစ်ပေးရသည့်ရည်ရွယ်ချက်များနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရသည်။
သင်တန်းတွင် လူသုံးကုန်ပစ္စည်းဖြစ်သည့် ဆပ်ပြာဆီအမျိုးမျိုး၊ ခေါင်းလျှော်ရည်၊ဟန်းဂျယ်
ဆပ်ပြာခဲ၊ မှန်ကြည်ဆေးရည်၊ အလှဖယောင်းတိုင်နှင့် ဆပ်ပြာခရင်(မ်)ပြုလုပ်နည်းများကို
လက်တွေ့ပြုလုပ်သင်ကြားပြသပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းသူ/သား(၂၀)ဦးတက်ရောက်
သင်ကြားကြမည်ဖြစ်ပြီး သင်တန်းကာလမှာ(၇)ရက်ဖြစ်ကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)