ငဖဲ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၃၃) အုပ်စု တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား( ၈၃၂ )ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်း(ပင်စင်စား)များ၏ မေလအတွက် ပင်စင်လစာများကို ယနေ့နံနက် ၇နာရီမှ စတင်၍ ငဖဲမြို့မြန်မာ့စီးပွားရေးဘဏ်၌ ရုံးဝန်းအတွင်းလုံခြုံရေး ဆောင်ရွက်ထားရှိပြီး ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အလှည့်ကျ သတ်မှတ်နေ့အလိုက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းတွင် မြို့ပြပင်စင်( ၄၁၂ )ဦး၊ကာကွယ်ရေးပင်စင်( ၃၂၄ )ဦး၊နိုင်ငံရေးပင်စင် ( ၉၁ )ဦး၊ မြန်မာ့စီးပွားရေးဘဏ်ပင်စင် ( ၄ )ဦး၊ဗဟိုဘဏ်ပင်စင် ( ၁ )ဦး၊ စုစုပေါင်း ( ၈၃၂ )ဦးရှိရာ ငဖဲမြို့မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ ညနေ ၃နာရီထိ နေ့စဉ် ပင်စင်လစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အငြိမ်းစားဝန်ထမ်းပင်စင်စားများအနေဖြင့် ပင်စင်လစာလာရောက်ထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း(mask) တပ်ဆင်၍ လာရောက် ရမည်ဖြစ်ပြီး သတ်မှတ်ရက်များတွင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် ပင်စင်စားများအနေဖြင့် ရုံးဖွင့် သည့် နေ့ရက်တိုင်းလာရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။
မယု(ငဖဲ)