ကျိုက်မရောမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာများပုံမှန်အတိုင်းထုတ်ပေး

ကျိုက်မရော မေ   ၂၁

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်စားဝန်ထမ်းများ၏ ပင်စင်လစာများအား ယနေ့နံနက်၈နာရီမှစတင်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွန် ချက်များနှင့်အညီပုံမှန်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ထိုကဲ့သို့ပင်စင်လစာငွေများထုတ်ပေးရာတွင်ကိုဗစ်- ၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက် များအတိုင်း မြန်မာ့စီးပွားရေးဘဏ်ခွဲမန်နေဂျာနှင့်ဝန်ထမ်းများက လူစုလူဝေးမဖြစ်စေရေးအတွက် အလှည့်ကျ စနစ်ဖြင့် အသုတ်များခွဲကာ စနစ်တကျထုတ်ပေးလျက်ရှိသည့်အပြင် အပူရှိန်သက်သာစေရန် ဘဏ်၏ ရှေ့ဘက်တွင် အမိုးများထားရှိပြီး အရိပ်များတွင်နားနေစေကာ ဘဏ်ဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်

 

ကျိုက်မရောမြို့နယ်အတွင်း၌ အငြိမ်းစားဝန်ထမ်းဦးရေ(၇၀၀) ကျော်ရှိရာ စစ်မှုထမ်းဟောင်း ဝန်ထမ်းများနှင့်အရပ်သားဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာ ငွေများအားရက်ခွဲခြားသတ်မှတ်၍လစဉ်၂၁ရက်နေ့မှစ၍ လကုန်ရက်အထိဘဏ်ဖွင့်ချိန်များအတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်းမြန်မာ့ စီးပွားရေးဘဏ်ခွဲမန်နေဂျာ ထံမှသိရသည်။

ချိုမြတ်မြတ်ထွေး