ဂွ မေ ၂၁
ဂွမြို့နယ် မီးသတ်ဦးစီးမှူး၏ ကွပ်ကဲမှုလက်အောက်ရှိ ဂွမြို့နယ်မီးသတ်စခန်း၊ ကျိန္တလီနယ်မြေ မီးသတ်စခန်းနှင့် ဆပ်သွားအရန်မီးသတ်စခန်းများရှိတပ်ဖွဲ့ဝင်များသည် မီးဘေးလုံခြုံရေး အတွက် မီးသတိပေးဆော်ဩခြင်းများကို ယမန်နေ့ ညနေ ၅နာရီအချိန်က သက်ဆိုင်ရာ နယ်မြေများတွင် လှည့်လည် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ မီးသတိပေးခြင်းများ ဆော်ဩဆောင်ရွက်ရာတွင်ချက်ပြုတ်ချိန်တွင်မိမိတို့အိမ်ရှိ မီးဖိုများကို အသုံးပြုရာ၌ ကာရန်၍ချက်ပြုတ်ကြရန် ၊ချက်ပြုတ်ပြီးပါက မီးကိုငြိမ်းသည်အထိ ငြိမ်းသတ်ကြရန် ၊ ချက်ပြုတ်ချိန်တွင် မီးဖိုအနီးတွင် ရေအိုး ရေခွက်များအသင့်ထားရှိကြရန်၊ မီးဖိုအနီးတွင် လောင်စာ ဆီများမထားကြရန် ၊ မီးဖိုပေါ်တွင် ထင်းများကို ကြပ်တင်၍မထားကြ ရန်၊ ဟောင်းနွမ်း နေသော လျှပ်စစ်ဝါယာကြိုး ၊ မီးခလုတ် ၊ မီးအားမြှင့်စက်များကို အသုံးမပြုကြ ရန် ၊ အသုံးမပြုသည့် မီးခလုတ်များကိုပိတ်ထားကြရန်၊ ရပ်ကွက်/ကျေးရွာများအတွင်းရှိ မီးချိတ် ၊ မီးကပ် ၊ သဲပုံး ၊ ရေပုံး ၊ လှေကားနှင့် မီးသတ်ဆေးဘူးတို့ကို အသင့်ထားရှိကြရန် ၊ မီးအသုံး ပြုချိန်အား နေ့စဉ် နံနက် ၄ နာရီ မှ ၁၁နာရီထိနှင့် ညနေ ၃နာရီမှ ည၈နာရီအချိန်ထိ အသုံးပြုကြ ရန်စသည့် အချက်များကို မီးဘေး လုံခြုံရေးအတွက် ဆော်ဩဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
ရွှေရည်ဝင်း