ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ နှင့် ခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မောင်တော မေ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အလမ်းဆိုင်ရာ ကော်မတီ  နှင့် ခရိုင်အမျိုး သမီး ကော် မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး   ဦးနိုင်အေးက အဖွင့်အမှာစကား ပြောကြားပြီး  ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် မှ ကလေးသူငယ်ကာကွယ် စောင့်ရှောက် ရေး နှင့် အမျိုးသမီး စောင့်ရှောက်ရေးလုပ်ငန်းများ၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ  လက်ရှိဆောင်ရွက်နေသော ကလေး သူ ငယ်မှုခင်းများ ၊ ကာကွယ်စောင့်ရှောက်ရေး နှင့် ကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရွက်နေသည် အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာသော ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများက  အသီးသီး ဆွေးနွေး ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ် ခဲ့ ကြောင်း သိရသည်။

သက်လွင်စိုး