တောင်တွင်းကြီး မေ ၂၁
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပန်းတောငယ်အုပ်စုမှ မကွေး-တောင်တွင်းကြီး-ပြည် ကားလမ်းမကြီးသို့ ဆက်သွယ်ဖောက်လုပ်မည့် ကျေးလက်ကုန်ထုတ်လမ်းသစ် ဖောက် လုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိ သူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းတောငယ်အုပ်စု ကွင်းအမှတ် ၂၀၂၀ (ခ) ပန်းတောကြီး တောင်ကွင်းမှ ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် ပါရှိမည့် လယ်ပိုင်ရှင် ဒေသခံ တောင်သူ များအား တွေ့ဆုံ၍ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး လိုအပ်သည့် ညှိနှိုင်း ဆွေးနွေးမှုများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ယင်းကျေးလက်ကုန်ထုတ်လမ်းသစ် ဖောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးသွားပါက ပန်းတောငယ် အုပ်စုမှ ထွက်ရှိသည့် ဒေသထွက်ကုန်များကို မကွေး-တောင်တွင်းကြီး-ပြည် ကားလမ်းမကြီးမှ တဆင့် မကွေး၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စသည့် မြို့ကြီးများသို့ တင်ပို့ရောင်းချနိုင် မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ဒေသဖွံ့ဖြိုးမှုများကို အထောက် အကူပြုမည်ဖြစ်ကြောင်း သိရသည်။
နိုင်ဝင်း