ပြည် မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်(ငယ်၊ လတ်၊ ကြီး)နှင့် အခြေပြုမူလတန်းစာမေးပွဲတို့ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဇွန် ၁ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။
ဓမ္မာစရိယ စာမေးပွဲကို ဇွန် ၁ ရက်နေ့မှ ၉ရက်နေ့အထိနှင့် ပါဠိပထမပြန်(ငယ်၊ လတ်၊ ကြီး)နှင့် အခြေပြုမူလတန်းစာမေးပွဲကို ဇွန် ၇ရက်နေ့မှ ၁၃ရက်နေ့အထိ ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သာသနာ့ဗိမာန်တော်စာဖြေဌာန၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဓမ္မာစရိယစာမေးပွဲတွင် သံဃာတော် (၁၉၆၄)ပါး၊ ပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်း(၇၆)ပါး၊ ပထမလတ်တန်း(၇၇)ပါး၊ ပထမငယ်တန်း(၈၈)ပါးနှင့် အခြေပြုမူလတန်း(၁၅၅)ပါး စာမေးပွဲနှစ်ရပ်ပေါင်း စုစုပေါင်းစာဖြေသံဃာတော် (၂၃၆၀)ပါး စာရင်းပေး ဝင်ရောက်ဖြေဆိုတော်မူကြမည်ဖြစ်ကြောင်းနှင့် စာမေးပွဲ ကျင်းပရက်များအတွင်း ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများနှင့် စာဖြေ သံဃာတော်များ၏ ဆွမ်းကွမ်းဝေယျာဝစ္စများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုနှင့် စေတနာရှင်အလှူရှင်များက ပါဝင်ကုသိုလ်ပြုလှူဒါန်းကြမည်ဖြစ်ကြောင်း ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)